App ထဲမှာ Facebook နဲ့ပတ်သက်တဲ့အကြောင်းအရာ ၁၀၀ ကျော်ထည့်သွင်းပေးထားပါတယ်။
Facebook ဆိုင်ရာနည်းပညာအကြောင်းများ၊ ပြဿနာဖြေရှင်းနည်းများ၊ သိသင့်သိထိုက်သော ဗဟုသုတဆိုင်ရာများပါဝင်တဲ့အပြင် Like Page ဖွင့်နည်း Group ဖွင့်နည်းများလည်းပါဝင်ပါတယ်။အကြောင်းအရာများအားလုံးကိုစာနဲ့ရော ပုံနဲ့ပါသေချာရှင်းပြထားတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ပြီးတော့မြန်မာစာရှိတဲ့ဖုန်းတွေရော မရှိတဲ့ဖုန်းတွေရော၊မှန်တဲ့ဖုန်းတွေရော မမှန်တဲ့ဖုန်းတွေရော အားလုံးဖတ်လို့အဆင်ပြေအောင်လုပ်ပေးထားပါတယ် :Dဖိုင်ဆိုဒ်ကလည်း 1MB ကျော်လေးပဲရှိပါတယ် ;)
ဒီ App လေးကတော့ Material Design ကိုအခြေခံပြီးရေးထားတဲ့ ကျနော့်ရဲ့ပထမဆုံး App လေးပါ။Android 5.0 (Lollipop) နှင့်အထက်သမားတွေကတော့Material UI အလုပ်လုပ်နိုင်တဲ့အတွက် ရိုးရှင်းလှပတဲ့ Material Design လေးနဲ့ခံစားအသုံးပြုရမှာပါ။Android 5.0 အောက်ဖုန်းတွေကတော့ Material Design Support မလုပ်တဲ့အတွက် ကြည့်ကောင်းအောင်Facebook လိုအပြာရောင်လေးနဲ့ရေးပေးထားပါတယ် ;)Portrait နဲ့ Lanscape Mode တွေမှာလည်းကောင်းကောင်းအလုပ်လုပ်နိုင်အောင်ရေးသားပေးထားတဲ့အတွက်Screen ကြီး/သေး ဖုန်းအားလုံးနဲ့ Tablet ဖုန်းတွေမှာလဲ ပုံစံမပျက်ပဲလန်းလန်းလေးအသုံးပြုနိုင်မှာပါ :Dဒီ App လေးကိုတော့ကျနော်တခြား App တွေထက်ပိုပြီးသေသပ်လှပ၊ Portrait နဲ့ Lanscape Mode တွေမှာလည်းကောင်းကောင်းအလုပ်လုပ်အောင် ကြိုးစားရေးထားတာလေးပါ :)အားလုံးအတွက်အသုံးဝင်တဲ့ App တစ်ခုဖြစ်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ...
ဒီ App ကိုတော့ ကိုအာကာ(ဆော့ဝဲလမ်းညွန်) ရေးထားတာလေးကို ပိုပြီးသေသပ်လှပအောင်အပြင်က Browser တွေနဲ့မဖွင့်ခိုင်းတော့ပဲ App အတွင်းမှာပဲအလုပ်လုပ်အောင် အကောင်းဆုံးဖြစ်အောင်ပြန်ရေးထားတာပါ။